announcements

CBM-Net System ဖြင့်ငွေလွှဲပေးပို့မှုအပေါ် ဝန်ဆောင်ခပြောင်းလဲကောက်ခံခြင်းကိစ္စ။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်အနေဖြင့် CBM-Net Phase Ⅱ System အသုံးပြုရာတွင် ယခင်ငွေလွှဲပေးပို့မှုအပေါ် ဝန်ဆောင်ခအား ငွေကျပ် ၄,၀၀၀/- ( သို့မဟုတ် ) USD 4/- ( Per Transaction ) ကောက်ခံလျက်ရှိပါသည်။

                    ယခုအခါ ( ၁-၇-၂၀၂၂ ) ရက်နေ့မှစ၍ ငွေလွှဲပေးပို့မှုအပေါ် ဝန်ဆောင်ခအားယခင် ငွေကျပ် ၄,၀၀၀/- ကောက်ခံနေခြင်းအစား ငွေလွှဲပမာဏအပေါ်မူတည်၍ အောက်ပါအတိုင်းပြောင်းလဲ ကောက်ခံမည်ဖြစ်ပါကြောင်း Customer များထံသို့ အသိပေးအကြောင်းကြားအပ်ပါသည်-

  (က)  အစိုးရဌာနအဖွဲ့အစည်းများနှင့် နိုင်ငံပိုင်ဘဏ်များအချင်းချင်းအကြား

          (၁) ငွေလွှဲပမာဏကျပ်သိန်း ( ၃၀၀ ) အထိ ( ၃,၀၀၀ ) ကျပ်

          (၂) ငွေလွှဲပမာဏကျပ်သိန်း ( ၃၀၀ ) မှ ကျပ်သိန်း ( ၅,၀၀၀ )အထိ ( ၅,၀၀၀ ) ကျပ်

          (၃) ငွေလွှဲပမာဏကျပ်သိန်း ( ၅,၀၀၀ ) မှ ကျပ် ( ၁၀ ) ဘီလီယံအထိ (၀.၀၀၁%) ဖြင့်ကောက်ခံရန်

          (၄) ငွေလွှဲပမာဏကျပ် ( ၁၀ ) ဘီလီယံအထက် ကျပ် ( ၁၀၀,၀၀၀ )

 

  (ခ)  ပုဂ္ဂလိက Transaction များအတွက်

          (၁) ငွေလွှဲပမာဏ ကျပ်သိန်း ( ၃၀၀ ) အထိ အများဆုံး ( ၃,၀၀၀ ) ကျပ်

          (၂) ငွေလွှဲပမာဏ ကျပ်သိန်း ( ၃၀၀ ) အထက်ကို အများဆုံး ( ၀.၀၁% ) ဖြင့်ကောက်ခံရန်