departments

ငွေကြေးခဝါချမှုစိစစ်ရေးဌာနခွဲ

 

ငွေကြေးခဝါချမှုစိစစ်ရေးဌာနစိတ်

၁။      မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှု အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မှုကိုဘဏ်များ တစ်ဆင့်ကျူးလွန်မှုမရှိစေရေး ငွေကြေးခဝါချမှု စိစစ်ရေးဌာနစိတ် အသစ်တိုးချဲ့ဖွဲ့စည်းမှုကို (၂၅-၅-၂၀၁၇) ရက်နေ့တွင် စတင်ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မှု စိစစ်ရေးကော်မတီအား (၁၉.၂.၂၀၁၉) ရက်နေ့တွင် အဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ငွေကြေးခဝါချမှုစိစစ်ရေးဌာန ဒုတိယအထွေထွေမန်နေဂျာ (၁) ဦးမှ Compliance Officer အဖြစ် ဆောင်ရွက်ပါသည်။

၂။      မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် Customer များ၏ Daily Transaction များကိုလည်းAML/ KYC CDD နှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ အဆက်အသွယ်ဘဏ် များသို့လည်းပုံမှန် AML/ KYC CDD review ကိုစိစစ်ဆောင်ရွက်ပါသည်။

၃။    မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် AML Policy အရ Shell Banks များ၊ Walk- In- Customer များ၊ Downstream Correspondent ClearingServices များ၊ Payable- through accounts များ၊ anonymous accountsများနှင့် ပတ်သက်၍လုပ်ကိုင်ဆောင်ရွက်ပေးခြင်းမရှိပါ။

၄။    သင်တန်းများနှင့်ပတ်သက်၍လည်းပြည်တွင်း၊ ပြည်ပတွင် AML/ CFT ဆိုင်ရာသင်တန်းများ၊ ဆွေးနွေးပွဲများသို့တက်ရောက်ခဲ့သောအရာထမ်းကြီးများမှ ဘဏ်တွင် ဆင့်ပွားသင်တန်းများ ပြန်လည် ပို့ချလျက် ရှိပါသည်။

၅။   ငွေကြေးခဝါချမှုစိစစ်ရေးဌာနနှင့် ဆက်သွယ်မေးမြန်းလိုပါက အောက်ပါအတိုင်းဆက်သွယ် နိုင်ပါသည်။

   (၁) Compliance Officer  - U Kyin Thein
  Title  -Deputy General Manager/Compliance Officer
  Phone No. -95-01-8250707
  E-mail Address  -[email protected]
  (၂) Contact Person -Daw Myat Myat Htwe
  Title  - Manager
  Phone No.  -95-01-8372137
  E-Mail Address    -[email protected]

             

 

 

 

    

 

 

၆။      ငွေကြေးခဝါချမှုဆိုင်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ညွှန်ကြားချက်များကို www.cbm.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၇။      ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဉပဒေကို www.mfiu.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

ဤဌာနမှ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် အချက်အလက်များအား သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

မန်နေဂျာ

ဖုန်း- ၉၅-၁-၈၃၇၂၁၃၇