departments

ငွေကြေးစျေးကွက်၊ ကတ်နှင့် SWIFT ဌာနခွဲ

SWIFT ဌာနစိတ်မှ အဓိကဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- အဆက်အသွယ်ဘဏ်များမှ/ သို့ ပေးပို့လာသော  SWIFT Message အဝင်အထွက်များအား လက်ခံခြင်းနှင့် ပေးပို့ခြင်း။

- SWIFT Message အဝင်များအား သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေပေးခြင်း။

- SWIFT System လုံခြုံစိတ်ချမှု ရှိစေရန်အတွက် Software Update များအား အခါအားလျော်စွာ ဆောင်ရွက်ခြင်း။

- အဆက်အသွယ်ဘဏ် တည်ထောင်ရန်အတွက် RMA လဲလှယ်ခြင်း။

- အဆက်အသွယ်ဘဏ်များမှ RMA ပယ်ဖျက်ရန် တောင်းဆိုလာပါက RMA ပယ်ဖျက်ပေးခြင်း။

MPU & Card Services

ATM Services & Card ဌာနစိပ်၏ အဓိကဆောင်ရွက်လျက်ရှိသော လုပ်ငန်းဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

  • Customer များကို ATM Card ပြုလုပ်ပေးခြင်း။
  • Customer များ၏ ATM Account များသို့ ငွေဖြည့်သွင်းပေးခြင်း။
  • ဝန်ထမ်းများ၏ ATM Acccount များသို့ လစာငွေများ ဖြည့်ပေးခြင်း။
  • အငြိမ်းစားဝန်ထမ်းများ၏ ATM Account များသို့ ပင်စင်လစာ ထည့်ပေးခြင်း။
  • Electronic Channel ကို အသုံးပြု၍ Customer များ အဆင်ပြေစွာ ငွေပေးချေနိုင်ရေး အတွက် ဝန်ဆောင်မှုပေးခြင်း။
  • ATM card dispute များဖြေရှင်းပေးခြင်း။

MFTB ATM CARD ပြုလုပ်ရန်

  • ATM Card Account ဖွင့်လှစ်ရန်လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်းရပါမည်။ Card ကိုင်ဆောင်သူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။
  • Customer မှ ဖြည့်သွင်းသော အချက်အလက်များအား ဘဏ်မှ စစ်ဆေးကာ ATM Card Account ဖွင့်ပေးပါမည်။

ATM CARD အကျိုးကျေးဇူးများ

  • မြန်မာကျပ်ငွေဖြင့် ATM စက်များတွင် ငွေသားထုတ်ယူနိုင်ပါသည်။
  • ငွေသားလက်ကျန်များအား စစ်ဆေးနိုင်ပါသည်။
  • MPU Card ဖြင့် ပေးချေနိုင်သောနေရာတိုင်းတွင် ပစ္စည်းဝယ်ယူမှု့များအတွက် ငွေပေးချေနိုင်ပါသည်။
  • ATM Card အား (၂၄) နာရီ အသုံးပြုနိုင်ပါသည်။
  • ATM Card A/C ထဲသို့ ငွေသွင်းရန်မှအပ ဘဏ်သို့လာရောက်ရန် မလိုအပ်ပါ။
  • MFTB ၏ ATM Card အချင်းချင်း MFTB ၏ ATM များတွင် မိမိလွှဲပို့လိုသည့် ATM Card A/C No. သိရှိပါက အခြားATM Card A/C သို့ A/C Transfer ပြုလုပ်နိုင်ပါသည်။ အများဆုံးလွှဲပို့နိုင်သည့်ငွေပမာဏမှာ တစ်ကြိမ်လျှင် ကျပ်(၅)သိန်းနှုန်းဖြင့် တစ်နေ့လျှင် အများဆုံး ကျပ်(၁၀၀)သိန်းထိ လွှဲပို့နိုင်ပါသည်။

ATM CARD A/C သို့ ငွေသွင်းရန်အတွက် လိုအပ်ချက်များ

  •  ATM Account No. ဖြင့်  မိမိ Card အား ဘဏ်တွင် ငွေသားပေးသွင်း၍ ငွေဖြည့်သွင်းနိုင်ပါသည်။ ဝန်ဆောင်စရိတ် အခမဲ့ဖြစ်ပါသည်။

ATM CARD အသုံးပြုသူများ သိထားသင့်သည့်အချက်များ

  • မိမိလျှို့ဝှက်နံပါတ် (Pin No) အား အသုံးပြု၍ ပြည်တွင်းရှိ အခြားသော ဘဏ်များ ATM များ POS များတွင် အသုံးပြု နိုင်ပါသည်။
  • မိမိလျှို့ဝှက်နံပါတ် (Pin No) အား ATM စက်ရှိသည့်နေရာ၌ပင် ပြောင်းလဲနိုင်ပါသည်။
  • MFTB ATM CARD အား MFTB ၏ ATM စက်များတွင်သာမက အခြားသော ဘဏ်များ၏ MPU တံဆိပ်ပါရှိသော ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်ပါသည်။
  • POS စနစ်ဖြင့် ငွေပေးချေနိုင်သောဆိုင်ကြီးများတွင် ATM Card ဖြင့် စျေးဝယ်နိုင်ပါသည်။
  • တစ်ကြိမ်ထုတ်ယူပါက အများဆုံး (၃)သိန်းအထိ ထုတ်ယူနိုင်ပါသည်၊
  • တစ်ပတ်လျှင်ငွေကျပ်(၅)သိန်းအထိ ထုတ်ယူနိုင်ပါသည်။
  • MFTB ATM Card အား MFTB ၏ ATM တွင် ငွေထုတ်ယူခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။
  • အခြားဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူမှသာ ထုတ်ယူသော ငွေပမာဏ၏ ၁% ဝန်ဆောင်ခ ပေးဆောင်ရမည် ဖြစ်ပါသည်။ (ဥပမာ-ငွေကျပ် ၁၀,၀၀၀/- ထုတ်ယူပါက ကျပ် ၁၀၀/- ပေးဆောင်ရမည်။)
  • POS များတွင် အသုံးပြုခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန်မလိုအပ်ပါ။

သတိပြုရန်အချက်များ

  • ဘဏ်မှCard ထုတ်ယူပြီးပါက မိမိလျှို့ဝှက်နံပါတ် (Pin No) အားပထမအကြိမ် မဖြစ်မနေ MFTB ATM စက်တွင် ဦးစွာရိုက်ထည့်၍ ပြောင်းလဲထားပါ။
  • ATM စက်မှ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ။
  • မိမိလျှို့ဝှက်နံပါတ် (Pin No) သည် အထူးအရေးကြီး၍ မိမိမှအပ သူတစ်ပါးအား အသိပေးခြင်း မပြုလုပ်ရ။
  • မိမိ Card အား သူတစ်ပါးသို့ ငှားရမ်းခြင်းမပြုရ။
  • ATM Card အား ATM စက်တွင်အသုံးပြုပါက မိမိ၏လျှို့ဝှက်နံပါတ် (Pin No) အား မှန်ကန်စွာ ရိုက်နှိပ်ပါ။သုံးကြိမ်မှားယွင်းပါက Card အား ATM စက်မှ သိမ်းဆည်း သွားမည်ဖြစ်ပါသည်။
  • ATM Card ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း၊ လျှို့ဝှက်နံပါတ် (Pin No)မေ့ခြင်း၊ ပျက်စီးခြင်း၊ မိမိ Card အားစက်မှ သိမ်းယူခြင်း၊ Card ပိုင်ရှင်ကွယ်လွန်ခြင်း စသည်များကြုံတွေ့ရပါ က ဘဏ်သို့ အကြောင်းကြားရပါမည်။
  • အကြောင်းကြားခြင်းမရှိဘဲ တစ်စုံတစ်ခုဖြစ်ခဲ့ပါက မိမိတာဝန်သာဖြစ်ပါသည်။
  • ATM စက်မှ ငွေထုတ်ယူရာတွင် ငွေသားနှင့်Card အား သေချာစွာသိမ်းဆည်းပြီးမှသာ စက်အနီးမှ ထွက်ခွာပါ။
  • MFTB တွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသူများမှ မိမိ၏ ATM Card A/C သို့ ကျပ်ငွေဖြင့် စာရင်းပြောင်းထည့်သွင်းလိုလျှင် ဆောင်ရွက်သောနေ့ရှိ MFTB ၏ နိုင်ငံခြားငွေလဲလှယ် နှုန်းဖြင့် တန်ဘိုးသင့်၍ ထည့်သွင်းပေးပါမည်။
  • ATM Card Account ကိုတစ်ဦးတည်း အမည်ဖြင့်သာ ဖွင့်လှစ်ခွင့်ရှိပါသည်။ တွဲဖက်စာရင်း ဖွင့်ခွင့်မပြုပါ။

No.MFTB ATM CARD

ကဒ်ထုတ်ပေးခြင်း

အခမဲ့

ကနဦးအပ်နှံငွေ

ကျပ် ၁၀,၀၀၀/-

အနည်းဆုံးလက်ကျန်

ကျပ် ၁,၀၀၀/-

ကဒ်သက်တမ်း

၁၀ နှစ်

ကဒ်သက်တမ်းမကုန်ဆုံးမီ ပျောက်ဆုံး၊ပျက်စီးပါက

ကျပ် ၅,၀၀၀/-

ငွေထုတ်ယူခြင်း MFTB ATM

အခြားဘဏ် ATM

အခမဲ့

( ဝန်ဆောင်ခ ) ၁ %

တစ်နေ့အများဆုံးထုတ်ယူနိုင်မည့်ပမာဏ

ကျပ် ၃ သိန်း

Transaction ( ၁ ) ကြိမ်လျှင်

ကျပ် ၃ သိန်း

 

ဤဌာနမှ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် အချက်အလက်များအား သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

မန်နေဂျာ

ဖုန်း- ၉၅-၁-၈၃၈၁၉၇၁