departments

သွင်းကုန်ဌာန

သွင်းကုန်ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်

သွင်းကုန်ဌာနအနေဖြင့်ပြည်ပဘဏ်များသို့ သွင်းကုန်ငွေလွှဲစာတမ်းများဖွင့်လှစ်ပေးပြီးသွင်းကုန်ဘီလ်များထုတ်ပေး၍ သွင်းကုန်တန်ဘိုးများပေးချေပါသည်။၎င်းအပြင် DP/DA စနစ်ဖြင့် ငွေပေးချေခြင်းများ၊ ShippingGuarantee များထုတ်ပေးခြင်း၊ကုန်သွယ်မှုအထောက်အပံ့(Trade Financing) များလည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

သွင်းကုန်လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှုပေးခြင်း

  • ပြည်ပဘဏ်များသို့ သွင်းကုန်ငွေလွှဲစာတမ်းများ ဖွင့်ပေးခြင်း၊
  • Opening of Letter of Credit to Foreign Bank
  • သွင်းကုန်ဘီလ်များထုတ်ပေး၍ သွင်းကုန်တန်ဘိုးပေးချေခြင်း၊
  • Import Bill Releasing and Paying
  • DP/DA စနစ်ဖြင့် ငွေပေးချေခြင်း၊
  • Payment for DP/DA
  • Shipping Guarantee များထုတ်ပေးခြင်း၊
  • Shipping Guarantee Releasing
  • ကုန်သွယ်မှုအထောက်အပံ့ ဆောင်ရွက်ပေးခြင်း၊
  • Trade Financing Service

သွင်းကုန်ဆိုင်ရာငွေကြေးအထောက်အပံ့ ရယူနိုင်သူများ

  • မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားရှိသည့် သွင်းကုန်လုပ်ငန်းရှင်များ

သွင်းကုန်ဆိုင်ရာငွေကြေးအထောက်အပံ့ ရယူနိုင်မည့်နည်းလမ်းများ

  •  အာမခံအဖြစ် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်ထားရှိသည့် ကုန်ဝယ်သူ၏ နိုင်ငံခြားငွေစာရင်း (သို့မဟုတ်) မြန်မာကျပ်ငွေစာရင်းလက်ကျန်အား အပေါင်ထားရှိ
  • Margin လျှော့ချပေးသည့်အစီအစဉ်
  • Margin ရယူထားခြင်းမပြုသေးဘဲ တစ်ဖက်ဘဏ်မှ Documents များရောက်ရှိမှသာ ကုန်ဝယ်သူ၏စာရင်းထဲသို့ နိုင်ငံခြားငွေဖြည့်တင်း၍ ပေးချေသည့် အစီအစဉ်
  • သွင်းကုန်အတွက် လိုအပ်သော ငွေကြေးကို ဘဏ်မှ နိုင်ငံခြားငွေစိုက်ထုတ်ပေးချေ သည့် အစီအစဉ်

သွင်းကုန်ဆိုင်ရာငွေကြေးအထောက်အပံ့ ရယူရန်လိုအပ်သော စာရွက်စာတမ်းများ

  • Import Financing ရယူလိုကြောင်း ကုမ္ပဏီ၏ လျှောက်လွှာ
  • ကုန်သွယ်မှုဆိုင်ရာ ငွေကြေးအထောက်အပံ့အဆိုပြုလွှာ (Trade Financing Proposal)
  • ကုန်သွယ်မှုဆိုင်ရာငွေကြေးအထောက်အပံ့သဘောတူညီချက်

(Trade Financing Agreement)

  • ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း
  • အခွန်ထမ်းဆောင်မှုအခြေအနေ (၃)နှစ်စာ
  • ကုမ္ပဏီ/အဖွဲ့အစည်း၏ ဘဏ္ဍာရေးအခြေအနေအတွက် စာရင်းစစ်အတည်ပြုချက်

ကောက်ခံမည့်အတိုးနှုန်း

  • အမြတ်အစွန်းရရှိရေးကို ဦးတည်ခြင်းမရှိဘဲ သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန် သွင်းကုန်ပစ္စည်းတန်ဘိုးနှင့် Financing ရယူမည့် ကာလအပေါ်မူတည်၍ ပိုမိုသက်သာသော အတိုးနှုန်းဖြင့် ဆောင်ရွက်ပေးပါသည်။

DP/DA စနစ်ဖြင့် ငွေပေးချေခြင်းဝန်ဆောင်မှု

  • ပြည်ပရှိကုန်ရောင်းသူမှ ကုန်ပစ္စည်းများ တင်ပို့ပြီးကြောင်း သင်္ဘောတင်စာရွက်စာတမ်းများ ကို Bank to Bank ကောက်ခံရေးစနစ် (Collection Basis) ဖြင့် ပေးပို့လာလျှင် သက်ဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်အား သင်္ဘောတင်စာရွက်စာတမ်းများ ထုတ်ပေးပြီး ပြည်ပကုန်ရောင်းသူထံ သွင်းကုန်တန်ဖိုးငွေ ပေးချေဆောင်ရွက်ပေးပါသည်။

သွင်းကုန်လုပ်ငန်းဆောင်ရွက်ရန်လိုအပ်ချက်များ

  • သွင်းကုန်ငွေလွှဲစာတမ်းဖွင့်လှစ်ခြင်း (အစိုးရဌာနများအတွက်)
    • လျှောက်လွှာ
    • သွင်းကုန်လိုင်စင်
    • Proforma Invoice/Firm Order/Contract
    • ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ နိုင်ငံခြားငွေသုံးစွဲခွင့်ပြုမိန့်
       
  • သွင်းကုန်ငွေလွှဲစာတမ်းဖွင့်လှစ်ခြင်း (ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက်)
    • လျှောက်လွှာ
    • သွင်းကုန်လိုင်စင်
    • Proforma Invoice
    • ငွေလွှဲစာတမ်းတန်ဖိုးနှင့် ဘဏ်စရိတ်ကို ကုမ္ပဏီစာရင်းမှ နှုတ်ယူခွင့်
      Debit Authorization Letter

       
  • သွင်းကုန်ဘီလ်ထုတ်ယူခြင်း
    • သွင်းကုန်လိုင်စင်
    • ဘီလ်ထုတ်ယူခွင့်လျှောက်လွှာ
    • ဘဏ်ကော်မရှင်၊ ဘဏ်စရိတ်များကို ကုမ္ပဏီစာရင်းမှ နှုတ်ယူခွင့် Debit Authorization Letter
    • Letter of Indemnity
    • သွင်းကုန်အတွက်နိုင်ငံခြားသုံးငွေလွှဲခွင့်လျှောက်လွှာ

 

ဤဌာနမှ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် အချက်အလက်များအား သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

မန်နေဂျာ

ဖုန်း- ၉၅-၁-၈၃၈၈၇၉၁