departments

နိုင်ငံတကာဆက်ဆံရေးနှင့်အဆက်အသွယ်ဘဏ်များဌာနခွဲ

နိုင်ငံတကာဆက်ဆံရေးနှင့်အဆက်အသွယ်ဘဏ်များဌာနစိပ်၏ အဓိကဆောင်ရွက်လျက်ရှိသော လုပ်ငန်းဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • ကမ္ဘာ့တဝှမ်း၌    အဆက်အသွယ်ဘဏ်များတည်ထောင်၍       နိုင်ငံတကာဘဏ်လုပ်ငန်း ဝန်ဆောင်မှု များအား   တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
  • ပြည်ပနိုင်ငံများတွင် နိုင်ငံတကာဘဏ်လုပ်ငန်းဆောင်ရွက်မှု၊ ငွေပေးချေမှုငွေလက်ခံမှုများ  အဆင်ပြေစေရေး   နိုင်ငံခြားငွေစာရင်းများ   ဖွင့်လှစ်ခြင်းနှင့်  စီမံခန့်ခွဲခြင်းများ  ဆောင်ရွက် လျက်ရှိပါသည်။
  • နေ့စဉ်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  ထုတ်ပြန်သော  ရည်ညွှန်းငွေလဲလှယ်နှုန်း  (Reference Rate) အပေါ် အခြေခံ၍  မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ နေ့စဉ်ငွေလဲလှယ်နှုန်း  (Daily Exchange   Rate)   အား ထုတ်ပြန်ပေးပါသည်။    အဆိုပါ  Daily   Exchange   Rate အား မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင်      စာရင်းဖွင့်လှစ်ထားရှိသည့်   Customer    များ၏ နိုင်ငံခြားငွေ အရောင်းအဝယ်  ပြုလုပ်ရာ၌ လည်းကောင်း ၊  သွင်းကုန်၊ ပို့ကုန်၊ ငွေလွှဲခြင်း၊ ငွေသားထုတ်ယူခြင်း၊ P.O ထုတ်ပေးခြင်း၊ ချေးငွေနှင့် ဘဏ်အာမခံကိစ္စရပ်များ၌လည်းကောင်း အသုံးပြုလျက် ရှိပါသည်။
  • ဘဏ်၏   ဝင်ငွေတိုးတက်မှုရရှိစေရန်အတွက်   နိုင်ငံခြားငွေဖြင့်   ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ  ဆောင်ရွက်လျက်ရှိပါသည်။

 

ဤဌာနမှ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့်အချက်အလက်များအား သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

မန်နေဂျာ

ဖုန်း- ၉၅-၁-၈၃၇၈၀၁၇