faq

FAQ

မည်သည့်ငွေကြေးအမျိုးအစားဖြင့် ဘဏ်အာမခံများကို ထုတ်ပေးနေပါသနည်း။

ဘဏ်အာမခံတန်ဖိုးနှင့် ဘဏ်စရိတ်များကို နိုင်ငံခြားငွေဖြင့်သော်လည်းကောင်း၊ မြန်မာကျပ်ငွေဖြင့်သော်လည်းကောင်း တင်သွင်း၍ ဘဏ်အာမခံရယူနိုင်ပါသည်။

ဘဏ်အာမခံထုတ်ပေးရန် အချိန်မည်မျှကြာပါသလဲ။

 

စာရွက်စာတမ်းပြည့်ပြည့်စုံစုံနှင့် လာရောက်လျှောက်ထားပါက နေ့ချင်းပြီး ဆောင်ရွက်ပေးနေပါသည်။

ဘဏ်အာမခံဆိုင်ရာဘဏ်စရိတ်များကောက်ခံပုံကိုသိလိုပါသည်။

ဘဏ်အာမခံဆိုင်ရာဘဏ်စရိတ်များကောက်ခံပုံမှာ-

(၁)  ပြည်တွင်း/ပြည်ပ(Issuing)ဘဏ်အာမခံများအတွက် သက်တမ်းအလိုက် (၃)လလျှင် တစ်ကြိမ်တွက်ချက်၍ဘဏ်အာမခံသက်တမ်းတစ်ခုလုံးအတွက်ပေးသွင်းရပါမည်။ (၃)လအတွက် ဘဏ်အာမခံတန်ဖိုး၏ ¼% (Minimum USD50/-)သို့မဟုတ် ညီမျှသောကျပ်ကောက်ခံပါသည်။

(၂)    ပြည်တွင်း/ပြည်ပ(Issuing) ဘဏ်အာမခံများအတွက် ဘဏ်အာမခံပြင်ဆင်ချက်မှာ သက်တမ်းအလိုက်(၃)လလျှင် တစ်ကြိမ်တွက်ချက်၍ ဘဏ်အာမခံသက်တမ်းတစ်ခုလုံးအတွက် ပေးသွင်းရပါမည်။ (၃)လအတွက်ဘဏ်အာမခံတန်ဖိုး၏ ¼%(MinimumUSD50/-) သို့မဟုတ်ညီမျှသောကျပ် ကောက်ခံပါသည်။

(၃)   ပြည်ပ (Advising) ဘဏ်အာမခံအတွက် ဘဏ်အာမခံတစ်စောင်လျှင် USD50/-သို့မဟုတ် ညီမျှသော ကျပ်ကောက်ခံပါသည်။

(၄)   ပြည်ပ(Advising)ဘဏ်အာမခံအတွက်ဘဏ်အာမခံပြင်ဆင်ချက်မှာဘဏ်အာမခံတစ်စောင်လျှင် USD30/-သို့မဟုတ် ညီမျှသောကျပ်ကောက်ခံပါသည်။

(၅)   ပြည်တွင်း/ပြည်ပ(Issuing/Advising) ဘဏ်အာမခံများအတွက် Claimလျော်ကြေးတောင်းခံစာတစ်စောင်လျှင် USD25/- သို့မဟုတ် ညီမျှသောကျပ် ကောက်ခံပါသည်။

ဘဏ်အာမခံပယ်ဖျက်ရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများကို သိလိုပါသည်။

 ဘဏ်အာမခံပယ်ဖျက်ရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများမှာ-

  (က) သက်ဆိုင်ရာဌာန၏ ဘဏ်အာမခံပယ်ဖျက်ရန် အကြောင်းကြားစာ

  (ခ) ဘဏ်အာမခံမူရင်း

  (ဂ) ဘဏ်အာမခံတန်ဖိုးအား စာရင်းမှပေးသွင်းထားပါက Debit Note မူရင်း

ဘဏ်အာမခံထုတ်ပေးရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများကို သိလိုပါသည်။

   ဘဏ်အာမခံထုတ်ပေးရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများမှာ-

          (က) ဘဏ်အာမခံလက်ခံမည့်ဌာန၏လျှောက်လွှာ

          (ခ)  လျှောက်ထားသည့်ကုမ္ပဏီ၏လျှောက်လွှာ

          (ဂ)  ဘဏ်အာမခံတန်ဖိုးနှင့်ဘဏ်စရိတ်များ ပေးသွင်းမည့်အထောက်အထားများ

          (ဃ) ဘဏ်အာမခံပုံစံ(ရှိပါက)

ဘဏ်အာမခံများကို မည်သည့်နည်းလမ်းများဖြင့် ရယူဆောင်ရွက်နိုင်ပါသနည်း။

 ဘဏ်အာမခံများကိုနည်းလမ်း(၂)သွယ်ဖြင့် ဆောင်ရွက်နိုင်ပါသည်။

  • ပထမနည်းလမ်းမှာ ပြည်တွင်း ၊ပြည်ပရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏  အဆက်အသွယ်ဘဏ်များ မှတစ်ဆင့် ဘဏ်အာမခံတင်သွင်းခြင်း။
  • ဒုတိယနည်းလမ်းမှာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် ဘဏ်အာမခံတန်ဖိုး ပေးသွင်း၍ ဘဏ်အာမခံများတင်သွင်းခြင်း။

ဘဏ်အာမခံဌာမှ ဆောင်ရွက်ပေးနေသည့် ဘဏ်အာမခံ အမျိုးအစားများကို သိချင်ပါသည်။

ဘဏ်အာမခံဌာနမှဆောင်ရွက်ပေးနေသည့် ဘဏ်အာမခံအမျိုးအစားများမှာ -

          (က)တင်ဒါအာမခံ                           (Tender  Guarantee)

          (ခ) ကြိုတင်ပေးငွေအာမခံ                (Advance Payment Guarantee)

          (ဂ) ဆောင်ရွက်ပြီးမြောက်မှုအာမခံ    (Performance Guarantee) တို့ဖြစ်ပါသည်။

၀န်ဆောင်မှုနှုန်းထားများ

၀န်ဆောင်မှုနှုန်းထားများ

(1)  ငွေလွှဲလုပ်ငန်းအနေဖြင့် ငွေလွှဲအထွက် ဘဏ်ဝန်ဆောင်စရိတ် ကို လွှဲပို့ငွေ           USD 40,000/- အထက်ဖြစ်ပါက လွှဲပို့ငွေ၏ 1/8%(သို့) ညီမျှသောကျပ်

                                   - လွှဲပို့ငွေUSD 40,000/-  အထိ ဝန်ဆောင်မှုနှုန်းထားမှာ USD 50/-  (သို့) ညီမျှသောကျပ်

                              (2) ငွေလွှဲပို့ခြင်းအားပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ပေးပို့ခြင်း၊ စုံစမ်းမေးမြန်း ခြင်း တို့အတွက် USD 15 (သို့) ညီမျှသောကျပ

အစိုးရဌာနများမှ ပြည်ပသို့ငွေလွှဲပို့ခြင်း အတွက် လိုအပ်သောစာရွက်စာတမ်းများ

အစိုးရဌာနများမှ  ပြည်ပသို့ငွေလွှဲပို့ခြင်းအတွက်  လိုအပ်သောစာရွက်စာတမ်းများမှာ

(1)       Fund Transfer Application

(2)       ငွေလွှဲပို့ရန်လျှောက်ထားစာ

(3)       ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ နိုင်ငံခြားငွေသုံးစွဲခွင့်ပြုမိန့် /Account မှ သုံးစွဲခွင့်စာ

                           (4)       သွင်းကုန်ပစ္စည်းဘိုးငွေပေးချေလျှင် Invoice မိတ္တူ၊ ပုံစံ “သက”

                           (5)       နှစ်စဉ်​​ကြေးပေးသွင်းလျှင် ပြည်ပအသင်းအဖွဲ့အစည်းထံမှ အကြောင်းကြားစာ ငွေတောင်းခံလွှာ ၊  ပုံစံ “က”

                           (6)       သက်ဆိုင်ရာဌာန၏ ပစ္စည်းရရှိကြောင်း/ ဝန်ဆောင်မှုပြီးစီးကြောင်း နှင့် ငွေပေးမည့်  Cheque

                           (7)       ကြိုတင်ငွေလွှဲလိုပါက Advance Payment Bank Guarantee

ပုဂ္ဂလိကကုမ္ပဏီများမှ သွင်းကုန်ငွေလွှဲပို့ခြင်းအတွက် လိုအပ်သောစာရွက်စာတမ်းများ

ပုဂ္ဂလိကကုမ္ပဏီများမှ သွင်းကုန်ငွေလွှဲပို့ခြင်းအတွက် လိုအပ်သော စာရွက်စာတမ်းများမှာ-

(1)       Fund Transfer Application

(2)       Form Thaka

(3)       ကုမ္ပဏီ၏ ငွေလွှဲပို့ရန်လျှောက်ထားစာ

(4)      သွင်းကုန်လိုင်စင်မူရင်း Invoice မူရင်း ၊ Packing List ၊ Sale contract

(5)       လိုင်စင်ကင်းလွတ်ခွင့်ရပစ္စည်းဖြစ်ပါက ပစ္စည်းအမည်ပါဝင်သည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ ခွင့်ပြုစာမိတ္တူ၊ Import Declaration နှင့်  ID ရှင်းတမ်း

                          (6)        သင်္ဘောတင်စာရွက်စာတမ်းမူရင်း

                          (7)       ကွဲလွဲချက်ရှိနေပါက Undertaking စာ

                          (8)       နိုင်ငံခြားငွေစာရင်းစာအုပ် မူရင်းနှင့်မိတ္တူ

စာရင်းပိုင်ရှင်၏လျှောက်ထားချက်အရ Account ပိတ်သိမ်းခြင်းအတွက် တင်ပြရမည့်စာရွက်စာတမ်းများအား သိလိုပါသည်။

  • စာရင်းပိုင်ရှင်ကိုယ်တိုင်လာရောက်ပိတ်သိမ်းရပါမည်။
  • စာရင်းပိတ်သိမ်းခွင့်လျှောက်လွှာတစ်စောင်
  • ဘဏ်စာအုပ်
  • စာရင်းလွှဲပြောင်းခြင်းတို့အတွက် စာရင်းပိုင်ရှင်၏ ညွှန်ကြားချက်(သို့) ဖြည့်စွက်ထားသော  Cheque(၁)စုံ

       - ဘဏ်စရိတ်အဖြစ် USD 5/- ကောက်ခံပါသည်။

စာရင်းပိုင်ရှင်၏လျှောက်ထားချက်အရ Bank Statement ထုတ်ပေးခြင်းအတွက် တင်ပြရမည့်   စာရွက်စာတမ်းများအား သိလိုပါသည်။

 

  • Bank Statement ထုတ်ပေးရန် စာရင်းပိုင်ရှင်၏လျှောက်လွှာတင်ပြရပါမည်။
  • (၁) လစာ Bank Statement အတွက် ဘဏ်စရိတ် မကောက်ခံပါ။

(၁) လ ထက်ပိုပါက ဘဏ်စရိတ်အဖြစ် (၁) လလျှင် ကျပ် (၁၀၀၀) ကောက်ခံပါသည်။

SWIFT ဖြင့် MFTB ရှိ စာရင်းပိုင်ရှင်၏စာရင်းသို့ ငွေလွှဲ၀င်ရောက်ခြင်းအတွက် တင်ပြရမည့် စာရွက်စာတမ်းများအား သိလိုပါသည်။

 

  • SWIFT Message ဖြင့် ငွေ၀င်ကြောင်းရရှိပြီး Statement တွင် ငွေ၀င်ကြောင်း အတည်ပြုပြီးပါက ဘဏ်စရိတ်အဖြစ် USD 15/- (သို့) USD 15/- ဖြင့် ညီမျှသောကျပ်ငွေကောက်ခံ၍ စာရင်းပိုင်ရှင်၏ စာရင်းသို့ ငွေထည့်သွင်းပေးပါသည်။

SWIFT ဖြင့် ပုဂ္ဂလိကဘဏ်ရှိ USD စာရင်းထဲသို့လွှဲပြောင်းခြင်းအတွက် တင်ပြရမည့်စာရွက်စာတမ်းများအား သိလိုပါသည်။

  • ဘဏ်စာအုပ်
  • စာရင်းလွှဲပြောင်းခြင်းတို့အတွက် စာရင်းပိုင်ရှင်၏ ညွှန်ကြားချက်(သို့) ဖြည့်စွက်ထားသော Cheque (၁)စုံ
  • ထည့်သွင်းပေးရမည့် ပုဂ္ဂလိကဘဏ်စာအုပ်မိတ္တူ
  • မှတ်ပုံတင်မိတ္တူ 
  • SWIFT ဖြင့် ငွေလွှဲပေးပို့လိုကြောင်းလျှောက်လွှာ
  • ဘဏ်စရိတ်အဖြစ် တစ်ကြိမ်လျှင်လွှဲပို့ငွေ၏ 0.125% (သို့) ညီမျှသောကျပ်(minimum USD50/-   (သို့)ညီမျှသောကျပ်) ကောက်ခံပါသည်။

 (ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ပါက ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူပါပူးတွဲ တင်ပြရပါမည်။

စာရင်းရှင် (နိုင်ငံသား) စာရင်းမှ နိုင်ငံခြားငွေ၀ယ်ယူပြီး CBM Net ဖြင့် စာရင်းပိုင်ရှင်၏ လျှောက်ထားချက်အရ ပုဂ္ဂလိကဘဏ်ရှိ ကျပ်ငွေစာရင်းထဲသို့ လွှဲပြောင်းခြင်း (သို့) ဤဘဏ်တွင်ဖွင့်လှစ် ထားသော ကျပ်စာရင်းသို့ ထည့်သွင်းပေးခြင်းတို့အတွက် တင်ပြရမည့် စာရွက်စာတမ်းများအား သိလိုပါသည်။

  • ဘဏ်စာအုပ်
  • စာရင်းလွှဲပြောင်းခြင်းတို့အတွက် စာရင်းပိုင်ရှင်၏ညွှန်ကြားချက် (သို့) ဖြည့်စွက်ထားသော   Cheque(၁)စုံ
  • ပုဂ္ဂလိကဘဏ်စာအုပ်မိတ္တူ(သို့) ကျပ်စာရင်းဘဏ်စာအုပ်မိတ္တူ
  • မှတ်ပုံတင်မိတ္တူ 
  • CBM Net ဖြင့် စာရင်းပြောင်းပြုလုပ်လိုကြောင်း(သို့) ကျပ်စာရင်းသို့ ထည့်သွင်းလိုကြောင်းလျှောက်လွှာ     

      ဘဏ်စရိတ်အဖြစ် CBM Net ဖြင့် စာရင်းပြောင်းပြုလုပ်လိုပါက တစ်ကြိမ်လျှင် USD 3/- နှင့် ကျပ်စာရင်းသို့ထည့်သွင်းလိုပါက တစ်ကြိမ်လျှင် USD 2/- ကောက်ခံပါသည်။

(ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ပါက ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူပါပူးတွဲ တင်ပြရပါမည်။)

Pages