departments

သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ

သတင်းအချက်အလက်နှင့် နည်းပညာဌာနစိတ်၏ အဓိကဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • e-Government နှင့် ICT လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန၊ ICT လုပ်ငန်းကျွမ်းကျင်မှုကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
  • ဌာန၏ Website ဖြစ်သော www.mmftb.gov.mm ကိုထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊
  • System Application များ၊ ပြင်ပကုမ္ပဏီများနှင့်အပ်နှံရေးဆွဲထားသော Program များနှင့် Network ပိုင်းဆိုင်ရာ အခြေအနေများ ကောင်းမွန်မှုရှိ/မရှိစစ်ဆေးခြင်း၊
  • ဘဏ်လုပ်ငန်းများအားလုံး စနစ်တကျဖြစ်စေရန် အခြားဌာနခွဲများနှင့်ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းပေးခြင်း၊
  • LAN စနစ်နှင့် ဆက်စပ်လျက်ရှိသော Server Management ပိုင်းနှင့် Security ပိုင်းဆိုင်ရာ Database ထားရှိခြင်းနှင့် နေ့စဉ်ထိန်းသိမ်းခြင်း၊
  • နေ့စဉ်၊ အပတ်စဉ်၊ လစဉ် Data Backup ပြုလုပ်ခြင်း၊
  • ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအတွက် လိုအပ်သော ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ဖြည့်တင်းပေးခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း၊
  • ဖြန့်ဝေထားသော ကွန်ပျူတာများ၏ ဆက်စပ်ပစ္စည်းများနှင့် Network Infrastructure များအား ပြုပြင်ထိန်းသိမ်းရန်အတွက် စနစ်တကျစီမံကြီးကြပ်ခြင်း၊
  • ဌာနခွဲအသီးသီးများအတွက် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများဖြန့်ဝေခြင်း၊

 

ဤဌာနမှ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများနှင့် အချက်အလက်များအား သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

မန်နေဂျာ

ဖုန်း-  ၉၅-၁- ၈၃၈၉၇၀၄၊ ၉၅-၁-၈၃၈၁၉၇၁