announcements

အသိပေးကြေညာချက်

MPU ၏ New Product (IBFT - Inter Bank Fund Transfer)

၁။      MPU ၏ New Product တစ်ခုဖြစ်သော IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်း ဝန်ဆောင်မှုကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏   ATM Card  ကိုင်ဆောင်သူများအနေဖြင့်              ( ၄-၉-၂၀၂၀ ) ရက်နေ့မှ စတင်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၂။       IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို မိမိဘဏ်၏ ATMများတွင် အောက်ပါအတိုင်း ငွေလွှဲပြောင်းနိုင်ပါသည်

(က)    MFTB ATM တွင် MFTB Card မှ အခြားဘဏ် MPU Card (eg.MWD) သို့ လည်းကောင်း

(ခ)     MFTB ATM တွင် အခြားဘဏ် MPU Card (eg. Yoma) မှ အခြားဘဏ် MPU Card ( eg. Yoma)သို့ လည်းကောင်း

(ဂ)     MFTB ATM တွင် အခြားဘဏ် MPU Card (eg. Yoma) မှ အခြားဘဏ် MPU Card ( eg. Shwe)သို့ လည်းကောင်း

၃။      IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို အခြားဘဏ်၏ ATM များတွင်လည်း အောက်ပါအတိုင်း ငွေလွှဲပြောင်းနိုင်ပါသည် -

(က)    အခြားဘဏ် ATM တွင် MFTB Card မှ MFTB Card သို့ လည်းကောင်း

(ခ)     အခြားဘဏ် ATM တွင် MFTB Card မှအခြားဘဏ် MPU Card (eg. UAB) သို့ လည်းကောင်း

(ဂ)     အခြားဘဏ် ATM တွင် အခြားဘဏ် MPU Card (eg. CHDB) မှ MFTB Card သို့လည်းကောင်း

၄။      IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို တစ်နေ့လျှင် အနည်းဆုံး ကျပ်တစ်ထောင် (၁,၀၀၀/-) မှ အများဆုံးကျပ်သိန်းတစ်ရာ (၁၀,၀၀၀,၀၀၀/-) အထိ လွှဲပြောင်း နိုင်မည်ဖြစ်ပါသည်။ ဝန်ဆောင်ခ အနေဖြင့် ပုံသေ ကျပ် (၂၀၀/-) နှင့် ငွေလွှဲပြောင်းသည့် ပမာဏ ၏ ( ၀.၀၅% )ကို လွှဲပြောင်းသူ၏ ATM Card Account မှ ကောက်ခံမည်ဖြစ်ပါသည်။

၅။      ယင်းငွေလွှဲဝန်ဆောင်မှုကို လတ်တလောတွင် IBFT (Inter Bank Fund Transfer) ဆောင်ရွက်ပြီးစီးသော MPU အဖွဲ့ဝင်ဘဏ်များဖြစ်သည့် Yoma, Shwe, UAB, RDB, MWD, CHIDB များ၏ ATM များနှင့် ATM Card များသို့သာ  ငွေလွှဲပြောင်းနိုင်မည်ဖြစ်ပါသည်။