announcements

အတိုးနှုန်းများပြင်ဆင်သတ်မှတ်ခြင်း

ကြေညာချက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၂၇ - ၄ - ၂၀၂၀) ရက်စွဲပါအတိုးနှုန်းများ ပြင်ဆင်သတ်မှတ်  သည့် ညွှန်ကြားချက် အမှတ် ၈/၂၀၂၀ အရ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းကို (၁ - ၅ - ၂၀၂၀) ရက်နေ့မှ စတင်၍ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည် ။

(က)    မြန်မာကျပ်ငွေစုဘဏ် အပ်နှံငွေများ (Savings) အပေါ် တစ်နှစ်လျှင်အတိုးနှုန်း ၅ %၊

 (ခ)    မြန်မာကျပ်ငွေ ပုံသေအပ်နှံငွေများအတွက်-

(၃) လလျှင် အတိုးနှုန်း ၆ % ၊

(၆) လလျှင် အတိုးနှုန်း ၆.၅ % ၊

(၉) လလျှင် အတိုးနှုန်း ၇ % ၊

၂။       အတိုးတွက်ချက်ရာတွင် မြန်မာကျပ်ငွေစုဘဏ်အပ်နှံငွေနှင့် ပုံသေအပ်နှံငွေများ အတွက် (၁-၅-၂၀၂၀) ရက်နေ့မှ စတင်၍ အပ်နှံသည့်အပ်နှံငွေ အသစ်များကို ယခုပြင်ဆင်သည့် အတိုးနှုန်းထား အသစ်နှင့် တွက်ချက်ရမည်ဖြစ်ပြီး၊ ယခင်အပ်နှံထားသည့် ပုံသေအပ်နှံငွေ (၃လ၊ ၆လ၊ ၉လ) အပ်ငွေများကို မူလအတိုးနှုန်း‌ဟောင်းများအတိုင်း သက်တမ်းပြည့်သည်အထိ ဆက်လက်တွက်ချက် ရမည်ဖြစ်ပါသည်။