စာရင်းသေစာရင်းပြုလုပ်ထားခြင်းအားအသိပေးကြေညာခြင်း

Tuesday, May 26, 2026

စာရင်းသေစာရင်းပြုလုပ်ထားခြင်းအားအသိပေးကြေညာခြင်း

ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ

ဘဏ်ရှိ ငွေစုဘဏ်စာရင်းနှင့် စာရင်းရှင်စာရင်း (ပုဂ္ဂိုလ်တစ်ဦးချင်း) (မြန်မာကျပ်)များအနက် အသုံးပြုခြင်းမရှိသည်မှာ (၃)နှစ်နှင့်အထက် ကြာမြင့်သောစာရင်း‌များအား စာရင်းသေစာရင်းအဖြစ် (၂၉-၄-၂၀၂၆) ရက်နေ့တွင် ပြောင်းရွှေ့ဆောင်ရွက်ထားရှိပါသည်။ သို့ဖြစ်ပါ၍ စာရင်းပိုင်ရှင်များ အနေဖြင့် မိမိတို့၏စာရင်းများအား ပြန်လည်စစ်ဆေးရန်လိုအပ်ပြီး (၃)နှစ်နှင့်အထက် အသုံးပြုခြင်း မရှိပါက ဘဏ်သို့ လူကိုယ်တိုင်လာရောက်ပြီး လိုအပ်သော စာရွက်စာတမ်းများတင်ပြ၍ Active A/C သို့ ပြန်လည်လျှောက်ထားနိုင်ပါကြောင်း  အသိပေးကြေညာအပ်ပါသည်။