ဘဏ်အာမခံဆိုင်ရာဘဏ်စရိတ်များကောက်ခံပုံကိုသိလိုပါသည်။

ဘဏ်အာမခံဆိုင်ရာဘဏ်စရိတ်များကောက်ခံပုံမှာ-

(၁)  ပြည်တွင်း/ပြည်ပ(Issuing)ဘဏ်အာမခံများအတွက် သက်တမ်းအလိုက် (၃)လလျှင် တစ်ကြိမ်တွက်ချက်၍ဘဏ်အာမခံသက်တမ်းတစ်ခုလုံးအတွက်ပေးသွင်းရပါမည်။ (၃)လအတွက် ဘဏ်အာမခံတန်ဖိုး၏ ¼% (Minimum USD50/-)သို့မဟုတ် ညီမျှသောကျပ်ကောက်ခံပါသည်။

(၂)    ပြည်တွင်း/ပြည်ပ(Issuing) ဘဏ်အာမခံများအတွက် ဘဏ်အာမခံပြင်ဆင်ချက်မှာ သက်တမ်းအလိုက်(၃)လလျှင် တစ်ကြိမ်တွက်ချက်၍ ဘဏ်အာမခံသက်တမ်းတစ်ခုလုံးအတွက် ပေးသွင်းရပါမည်။ (၃)လအတွက်ဘဏ်အာမခံတန်ဖိုး၏ ¼%(MinimumUSD50/-) သို့မဟုတ်ညီမျှသောကျပ် ကောက်ခံပါသည်။

(၃)   ပြည်ပ (Advising) ဘဏ်အာမခံအတွက် ဘဏ်အာမခံတစ်စောင်လျှင် USD50/-သို့မဟုတ် ညီမျှသော ကျပ်ကောက်ခံပါသည်။

(၄)   ပြည်ပ(Advising)ဘဏ်အာမခံအတွက်ဘဏ်အာမခံပြင်ဆင်ချက်မှာဘဏ်အာမခံတစ်စောင်လျှင် USD30/-သို့မဟုတ် ညီမျှသောကျပ်ကောက်ခံပါသည်။

(၅)   ပြည်တွင်း/ပြည်ပ(Issuing/Advising) ဘဏ်အာမခံများအတွက် Claimလျော်ကြေးတောင်းခံစာတစ်စောင်လျှင် USD25/- သို့မဟုတ် ညီမျှသောကျပ် ကောက်ခံပါသည်။